စက်တင်ဘာ ၂၀
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်တွင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး မျောက်ကျောက်ရောဂါကူးစက်ခံရကြောင်း ဒေလီကျန်းမာရေးဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
မြို့တော်ဒေလီတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ကိုးဦးအထိရှိလာသည်ဟု သိရသည်။
ထိုအမျိုးသမီး၏ခန္ဓာကိုယ်နေရာအနှံ့တွင် အရည်ကြည်ဖုနှင့်အနာပြည်ဖုများရှိနေကြောင်းနှင့် ၎င်းကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါမျောက်ကျောက်ရောဂါသံသယရှိသူအမျိုးသားတစ်ဦးကို နိုင်ငံပိုင်ဆေးရုံသို့ စက်တင်ဘာ ၁၈ ရက်က ပို့ဆောင်ပေးခဲ့သည်။ ၎င်း၏ စမ်းသပ်စစ်ဆေးချက်အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထိုမီဒီယာက ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၉ ဦးအထိ ရှိလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို