နေပြည်တော် စက်တင်ဘာ ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်သာမက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ စက်တင်ဘာ (၂၃) ရက်မှစတင်၍ လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
(သတင်းစဉ်)