ပြုံယမ်း စက်တင်ဘာ ၂၃
မြောက်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာလမှစပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် ပြည်သူအားလုံး နှာခေါင်းစည်းများ ဝတ်ဆင် ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယနေ့ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါနှင့် တုပ်ကွေးရောဂါ နှစ်မျိုးစလုံး သည် ဆောင်းဦးရာသီမှ ဆောင်းရာသီအထိ ကူးစက် ပျံ့နှံ့နိုင်သည့် ရောဂါများဖြစ်သည့်အတွက် ရောဂါ ကူးစက်မှုများ မဖြစ်ပွားစေရန် ပြည်သူများအား နှာခေါင်းစည်းဝတ်ဆင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်သည် ဆောင်းဦးရာသီဖြစ်သည့် အတွက် နေ့အပူချိန်နှင့် ညအပူချိန် လွန်စွာကွာခြားမှု ရှိကြောင်းနှင့် အဆိုပါရာသီဥတုသည် ရောဂါကူးစက် ပျံ့နှံ့ရန် လွယ်ကူသည့်အတွက် ကျန်းမာရေးစည်းမျဉ်း များကို တိကျစွာလိုက်နာကြပါရန် ပြည်သူများအား တိုက်တွန်းထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားသော ကျန်းမာ ရေး ကျွမ်းကျင်ပညာရှင်များက အဆိုပါရာသီ အကူးအပြောင်းကာလတွင် ရောဂါကူးစက်ခံရမှု အရေအတွက် ပိုမိုများပြားလာမည်ကို စိုးရိမ်လျက်ရှိ ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သည့် နိုင်ငံဖြစ်သည်ဟု လွန်ခဲ့သော လက ကြေညာခဲ့သည်။ ထို့ပြင် နှာခေါင်းစည်းဝတ်ဆင်မှု ကိုလည်း မလိုအပ်တော့ကြောင်း ကြေညာခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ရောဂါကူးစက်မှုအတွက် စိုးရိမ်ပူပန်မှုများ မြင့်မားလျက်ရှိသည်။
ယခုလ အစောပိုင်းတွင် ခေါင်းဆောင် ကင်ဂျုံအန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ ချမှတ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်