Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုဟ်တုနှစ်စင်း တရုတ် လွှတ်တင်

 

တိုင်ယွမ် စက်တင်ဘာ ၂၆

 

တရုတ်နိုင်ငံသည် အာကာသထဲတွင် ဂြိုဟ်တုနှစ်စင်းထားရှိရန်အတွက် Kuaizhou-1A သယ်ဆောင် ရေးဒုံးပျံကို စက်တင်ဘာ ၂၅ ရက်တွင် လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

 

ရွှီယန်-၁၄ နှင့် ရွှီယန်-၁၅ ဂြိုဟ်တုနှစ်စင်းကို နိုင်ငံမြောက်ပိုင်း ရှန်းရှီးပြည်နယ်ရှိ တိုင်ယွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၆ နာရီ ၅၅ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် အဆိုပါ ဂြိုဟ်တုနှစ်စင်းသည် စီစဉ်သတ်မှတ်ထားသည့် ဂြိုဟ်တုပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

 

ရွှီယန်-၁၄ ဂြိုဟ်တုကို သိပ္ပံနည်းကျ စမ်းသပ်မှုများနှင့် နည်းပညာအသစ်များကို စစ်ဆေး အတည်ပြုရာတွင် အဓိကထား အသုံးပြုသွားမည်ဖြစ်ပြီး ရွှီယန်-၁၅ ဂြိုဟ်တုကို မြေယာစစ်တမ်း၊ မြို့ပြစီမံကိန်းနှင့် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဆိုင်ရာ နယ်ပယ်ကဏ္ဍများ၌ အချက်အလက်များ ပံ့ပိုးပေးရာတွင် အဓိကထား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၏ အဆိုအရ အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် သယ်ဆောင်ရေးဒုံးပျံ Kuaizhou-1A များ၏ (၁၈) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ