စက်တင်ဘာ ၂၇

 

နယူးဇီလန်နိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လက နယ်စပ်ဒေသများပိတ်ထားပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာကာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအမြင့်မားဆုံးအဆင့်အထိ ရောက်ရှိလာကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဆူအတ်နာ့ရှ်က ယနေ့တွင် ပြောကြားသည်။

 

၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားရောက်ရှိမှုအရေအတွက်သည် ဇူလိုင်လက ၁၃၄၂၀၀ ဖြင့် ခရီးသွား ၁၀၀၀၀၀ ကျော်ရှိလာသည်ဟု စာရင်းအင်းဌာနကဖော်ပြသောအချက်အလက်အရ သိရသည်။

 

ဇူလိုင်လက နိုင်ငံခြားခရီးသွားဦးရေ ၁၃၄၂၀၀ ဝင်ရောက်မှုသည် ပြီးခဲ့သည့်လကထက် နှစ်ဆနီးပါးများပြားခဲ့သည်ဟု ၎င်းကဆိုသည်။

 

ယခုနှစ်ကုန်ပိုင်းတွင် ၂၀၁၉ ခုနှစ် ခရီးသွားဦးရေ လေးပုံသုံးပုံနီးပါးခန့်  ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ထိုဝန်ကြီးက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို