(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံပေါ်တွင် လေဖိအားနည်းဆဲလ်(Low Pressure Cell)အဖြစ် အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၇)ပေမှ (၉)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၄)ပေမှ (၆)ပေခန့်။
Crd>>>မိုး/ဇလ