အောက်တိုဘာ ၅

 

အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၃ ရက်နေ့အထိ မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း ၂၆၀၀၀ ကျော်ရှိလာကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ( စီဒီစီ )က အတည်ပြုပြောကြားခဲ့သည်။

 

ကယ်လီဖိုးနီးယားပြည်နယ်တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၅၀၁၀ ဦးရှိပြီး ထိုရောဂါဖြစ်ပွားမှု အများဆုံးပြည်နယ်ဖြစ်ကြောင်း အတည်ပြုဖော်ပြထားသည်။

 

အဆိုပါပြည်နယ်ပြီးလျှင် နယူးယောက်တွင် ၃၉၄၈ ဦးနှင့် ဖလော်ရီဒါတွင် ၂၅၄၃ ဦးတို့ ကူးစက်ခံရကြောင်း စီဒီစီက ပြောကြားသည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုတွင် ကူးစက်ခံရသူအများစုသည် သီတင်းပတ်နှစ်ပတ်မှ လေးပတ်အတွင်းသက်သာသွားလေ့ရှိပြီး သေဆုံးမှုနည်းပါးကြောင်း ဖော်ပြထားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ ထိုရောဂါကူးစက်မှုကြောင့် သေဆုံးမှုမှာ ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းနီးပါးရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို