အောက်တိုဘာ ၅

 

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၆ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက်  နိုင်ငံအတွင်း သေဆုံးသူပေါင်း ၆၃၀၇၈ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဦးစီးဌာန( ဒီအိုအိတ်ချ် )က ပြောကြားသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါထပ်မံကူးစက်ခံရသူ ၁၃၄၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက်  ရောဂါကူးစက်ခံရသူပေါင်း ၃၉၅၇၁၁၂ ဦးရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၆၇၉၂ ဦး ရှိသည်ဟု ဒီအိုအိတ်ချ်က ဆိုသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ကိုဗစ်ကူးစက်ခံရသူ ၃၉၀၀၄ ဦးထပ်မံတွေ့ရှိရာ ယင်းနေ့သည် ရောဂါကူးစက်မှု အမြင့်မားဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။

 

နိုင်ငံ့လူဦးရေ သန်း ၁၁၀ နီးပါးရှိသည့်အနက် ကိုဗစ်ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၇၃ ဒသမ ၁ သန်းကျော်ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို