အောက်တိုဘာ ၆

 

အမေရိကန်နိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း အီယန်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၁၀ ရှိလာပြီး လူဦးရေ သုံးသိန်းနီးပါး ဓာတ်အားပြတ်တောက်မှုနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

 

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖလော်ရီဒါပြည်နယ်တွင် ၁၀၅ ဦးနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ငါးဦးအပါအဝင် လူ ၁၁၀ ထက်မနည်းသေဆုံးခဲ့သည်ဟု စီအင်န်အင်န်တွင် ယမန်နေ့ကဖော်ပြချက်အရ သိရသည်။

 

ဖလော်ရီဒါပြည်နယ်ရှိ လူဦးရေ သုံးသိန်းနီးပါးသည် ယမန်နေ့မွန်းလွဲပိုင်းအထိ ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ဖလော်ရီဒါအနောက်တောင်ပိုင်းတွင် အီယန်မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးရေလျှံမှုတို့ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ထိုဟာရီကိန်းမုန်တိုင်းအီယန်သည် အမေရိကန်နိုင်ငံ၏သမိုင်းတစ်လျှောက် တိုက်ခတ်ခဲ့သည့် အဆိုးရွားဆုံးမုန်တိုင်းများ အနက် တစ်ခုဖြစ်သည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောကြားသည်။

 

အမေရိကန်နိုင်ငံတွင် ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် အမေရိကန် ဒေါ်လာ ၂၈ သန်းမှ ၄၇ သန်းအထိ ဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို