နေပြည်တော် အောက်တိုဘာ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းတွင် ရန်မင်းအောင်နှင့် ကျော်မြင့်ထွန်း တို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း၊ အလားတူ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာ အုပ်စု၊ အင်ကြင်းကုန်းကျေးရွာ အနီးတွင် မောင်လေး အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်