ရန်ကုန် ၉ ဖေဖော်ဝါရီ
၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်း ၁၆ ပွဲဆက် အနိုင်ရခဲ့သည်။
ပွဲစဉ် (၁၆) တွင် AMM အသင်းက ရွှေမြဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ GV Athletic အသင်းက Comrade အသင်းကို သုံးဂိုး-တစ်ဂိုး၊ UPT အသင်းက Titan XII အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ VUC အသင်းက White Colour အသင်းကို ၂၅ ဂိုး-သုံးဂိုး၊ MIC အသင်းက မြို့မ YTD အသင်းကို ၁၁ ဂိုး-သုံးဂိုး၊ PU အသင်းက MFF ယူ-၁၉ အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ထိပ်ဆုံးမှ MIC အသင်းနှင့် ဒုတိယနေရာမှ VUC အသင်းတို့မှာ နိုင်ပွဲဆက်နေသောကြောင့် ထိပ်ဆုံးနေရာတွင် သုံးမှတ်အကွာဖြင့် ဆက်လက်ရပ်တည်နေပြီး မြို့မ YTD အသင်းမှာမူ နှစ်ပွဲဆက်အရှုံးကြောင့် တတိယနေရာအား GV Athletic အသင်းထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။ ပွဲစဉ် (၁၆)အပြီးတွင် MIC အသင်းက ၄၈ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး VUC အသင်းက ၄၅ မှတ်ဖြင့် ဒုတိယနေရာမှ ဖိအားပေးလျက်ရှိသည်။
ရဲရင့်ရှိုင်း