ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်ကို အကြမ်းဖက်သမားများက လက်နက် များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ (၁၉)ဦး ထိခိုက်ဒဏ်ရာရပြီး (၃)ဦးသေဆုံးခဲ့ကြောင်း ကြားသိခဲ့ရပါသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်နေချိန် အခွင့်ကောင်းယူကာ ပြည်သူများပျက်စီးရေးကို ရှေးရှုလျက် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများကို  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး