(၁၂ - ၁၀ - ၂၀၂၂)

၁။    ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံနက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်အား တက်ရောက်ဖူးမြော်ကြမည့် ကင်မွန်းချောင်းရှိ တောင်တက်ယာဉ်စခန်းအား အကြမ်းဖက် PDF များမှ ၆၀ မမ၊ ၄၀ မမ လက်နက်များ၊ လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု သိရှိရပါသည်။

၂။    အကြမ်းဖက် PDF တို့ ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ဘုရားဖူး ရဟန်း၊ ရှင်၊ လူ၊ မိန်းမနှင့် ကလေးငယ်များအပါ ပြည်သူစုစုပေါင်း (၁၉)ဦး ဒဏ်ရာရရှိသွားခဲ့ရပြီး အမျိုးသမီး (၃)ဦး သေဆုံးကြောင်း စိတ်နှလုံး မချမ်းမြေ့စွာ ကြားသိရပါသည်။

၃။    အပြစ်မဲ့ဘုရားဖူးပြည်သူများအား ဤသို့ပစ်မှတ်ထား တိုက်ခိုက်သည့် ရွံရှာဖွယ် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသူ အသင်းသား များမှ လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း