တောင်ကြီး အောက်တိုဘာ ၁၆

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီက တောင်ကြီး အကျဉ်းထောင်သို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တောင်ကြီး အကျဉ်းထောင် ဦးစီးအရာရှိ ဦးဇော်ဝင်းမှ တောင်ကြီး အကျဉ်းထောင်၏ လုံခြုံရေး၊ စီမံရေး၊ ထောက်ပံ့ရေးနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီး အကျဉ်းထောင်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီး အကျဉ်းထောင် ဦးစီးအရာရှိမှ လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီး အကျဉ်းထောင်ရှိ အမျိုးသားအဆောင်(၁)၊ အဆောင်(၂)၊ စားဖိုကြီး ထမင်းချက်ဆောင်၊ ထမင်းစားဆောင်၊ စာကြည့်တိုက်၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် အင်္ကျီနေလှန်းမည့်နေရာ၊ အမျိုးသမီးအဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၂)ဦးအား စားစရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အင်းသားလေး(တောင်ကြီး)