ကြံခင်း အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၄၉)ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ‌ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ဦးစွာ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက ယခုဘဏ္ဍာရေးနှစ်တွင် ကြံခင်းမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်) ကျေးရွာ (၄၉)ရွာအား ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖြစ်ပါကြောင်းနှင့် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်) ကျေးရွာ (၄၉)ရွာမှ ကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၇၀၀၀ အား တာဝန်ရှိသူအသီးသီးက လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုးမိုးကျော်(ကျေးလက်)