မော်စကို အောက်တိုဘာ ၁၇

 

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၃၅၄ ဦးထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၁၃၀၄၅၅၄ ဦးရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

 

ထို့ပြင် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၄ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၃၈၈၉၀၁ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၈၄၄၁ ဦး ထပ်တိုးလာခြင်းကြောင့် ပြန်လည်ကျန်းမာလာသူ ပေါင်း ၂၀၆၀၃၈၄၅ ဦးရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေး စင်တာက ပြောကြားသည်။

 

ရုရှားနိုင်ငံ၌ မြို့တော်မော်စကိုသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံး ဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၉၄၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် မြို့တော်မော်စကို၌ ရောဂါကူးစက်ခံရသူပေါင်း ၃၂၁၉၄၈၃ ဦးရှိလာကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်