နေပြည်တော် အောက်တိုဘာ ၁၇
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဦးဝင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြစင်္ကြာကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ သံဃတက္ကသိုလ်ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေလယ်ကျောင်းတိုက်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ စိန်မြဓမ္မသာလာကျောင်း တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ နိဂြောဓာရုံ (ညောင်ပင်သာ) ပရိယတ္တိ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ခွယ်ကဘောင် ပညာဥယျာဉ်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သာသနာ့ ဟိတကာရီကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ်ပရဟိတ ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဆေးတန်းတောင်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ လွယ်လုံပညာဗောဓိပရဟိတ ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သာသနာ ၂၅၀၀ ကျောင်းတိုက် တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်