ညောင်တုန်း အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများကို အောက်တိုဘာ ၁၇ ရက်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးသီဟကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစောနေပိုင်နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ သွယ်တန်းထားရှိမှုနှင့် ကြံ့ခိုင်မှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ကြရန်နှင့် ကျောင်းလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)