အောက်တိုဘာ ၁၈
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၂၄၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၅၁၆၄၆၉၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၈၇ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ ( ကေဒီစီအေ )က ဆိုသည်။
လွန်ခဲ့သောရက်က ရောဂါကူးစက်ခံရသူဦးရေ ၁၁၀၄၀ ရှိရာမှ ရောဂါကူးစက်မှုအရေအတွက် မြင့်တက်လာကြောင်း ကေဒီစီအေ၏ပြောကြားချက်အရ သိရသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ခြောက်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၈၈၅၆ ဦးရှိလာသည်ဟု အတည်ပြုထုတ်ပြန်ထားသည်။
ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းသည် နိုင်ငံတစ်ဝန်း ကိုဗစ်ရောဂါကူးစက်ခံရသူအရေအတွက်၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို