နေပြည်တော် အောက်တိုဘာ ၁၈
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ စိန်ရာဇာ သာသနာလင်္ကာရ ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မြို့တော်ဦး ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ပိဋကသုံးပုံ နိကာယ်ပရိယတ္တိစာသင်တိုက်၊ တာမွေမြို့နယ်ရှိ အရိယမဂ္ဂင် ကျောင်းတိုက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကံသာကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ သုစိတ္တာလင်္ကာရ ပရိယတ္တိစာသင်တိုက်နှင့် အင်းစိန်မြို့နယ်ရှိ မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သာသနာ့ရောင်ခြည် ပရိယတ္တိစာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ သီတဂူဗုဒ္ဓကောလိပ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ထန်းတောကြီး ကန်ကျောင်းတိုက်နှင့် မကွေးမြို့နယ်ရှိ ရတနာသိဒ္ဓိကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မတ္တရာတိုက်မကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မြင့်ဇေယျုံကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)