ထားဝယ် အောက်တိုဘာ ၁၈

 

ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ်(၂/၂၂) (ပထမနှစ်) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး ထားဝယ်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများက “လောကအားမာန်”၊ “မျှော်လင့်နေတုန်း ပျို့ဘုန်းလှမ်းခဲ့ပါ"၊  “လှမ်းခဲ့ထားဝယ်မြေ” သီချင်းများဖြင့်လည်းကောင်၊ Fitness Dance ဖြင့် လည်းကောင်း ဖျော်ဖြေ တင်ဆက်ကပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများက ကြည်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကပြဖျော်ဖြေသောအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ် နှစ်သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ရှစ်သိန်း ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသသကြီး(ပြန်/ဆက်)