နေပြည်တော် အောက်တိုဘာ ၁၈

 

နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် (၁၀၉ ဒသမ ၉၈၁၄) တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၇ ဒသမ ၆၀၆၀)တန်၊ သစ်မာ (၂၇ ဒသမ ၆၅၈၂)တန်၊ အခြား (၄ ဒသမ ၇၁၇၂)တန်၊ စုစုပေါင်း (၁၀၉ ဒသမ ၉၈၁၄)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်