အောက်တိုဘာ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူပေါင်း ၉၀၀ ကူးစက်မှု ဖြစ်ပွားပြီးနောက် ယခုနှစ်အတွင်း ကူးစက်မှုအမြင့်မားဆုံးနေ့တစ်နေ့ဖြစ်လာကြောင်း ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန( ဒီဂျီအိတ်ချ်အက်စ် )က ပြောကြားသည်။

မြို့တော်ဒါကာတွင် သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၅၂၈ ဦးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဒီဂျီအိတ်ချ်အက်စ်၏ယမန်နေ့ကထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုအရေအတွက် ၂၆၉၃၈ ဦး အထိ မြင့်တက်လာကြောင်း သတင်းထုတ်ပြန်ထားသည်။

 ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၁၈ ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းခွင့်ရရှိသူပေါင်း ၂၃၆၁၂ ဦးရှိသည်ဟု ဒီဂျီအိတ်ချ်အက်စ်က ဆိုသည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရမှုကြောင့် ၉၉ ဦး သေဆုံးခဲ့ကြောင်း ဒီဂျီအိတ်ချ်အက်စ်၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို