အောက်တိုဘာ ၁၉
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၇၃ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ထိုရောဂါကူးစက်ခံရသူပေါင်း ၄၈၇၀၂၇၅ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် လေးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၁၈၆၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ပြီးနောက် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၃၆၄၂၆ ဦး ရှိလာသည်ဟု သိရသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၈၁၀၄၂၄ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၃၄၂၅ ဦးရှိပြီး ၄၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို