နယူးဒေလီ အောက်တိုဘာ ၂၀
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် အောက်တိုဘာ ၁၈ ရက် နှောင်းပိုင်းက အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု အိန္ဒိယနိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ အန်တိုနီယိုဂူတာရက်စ်သည် အိန္ဒိယနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုခရီးစဉ်သည် မစ္စတာဂူတာရက်စ်အတွက် ၂၀၂၂ ခုနှစ်အတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ပထမဦးဆုံးအကြိမ် အိန္ဒိယသို့ အလည်အပတ်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယခုခရီးစဉ်အတွင်း မစ္စတာဂူတာရက်စ်သည် အောက်တိုဘာ ၂၀ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်အတူ မစ်ရှင်လိုက်ဖ်ဟု အမည်ပေးထားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူနေမှုပုံစံအတွက် စာစောင်ငယ်နှင့် လိုဂိုမိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်သွား မည်ဖြစ်သည်။
ဆင်ဟွာ