နတ်မောက်  အောက်တိုဘာ   ၂၀

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အင်းကုန်းကျေးရွာရှိ တောင်သူများသည် ကြက်သွန်နီ စျေးကောင်းသဖြင့် ကြက်သွန်နီများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြောင်း သိရသည်။

 

“ကျွန်မတို့ ရွာမှာဆိုရင် မိုးဦးသီးနှံများ ရိတ်သိမ်းပြီးတဲ့အခါမှာတော့ ဆောင်းသီနှံများစိုက်ပျိုးရန် ထယ်ရေးပြုပြင် စိုက်ပျိုးကြပါတယ်၊ ဆောင်းသီနှံများဖြစ်တဲ့ ဘူး၊ ချဉ်ပေါင်၊ ခရမ်း၊ ပြောင်းဖူးနှင့် ရာသီပေါ် သီးနှံမျိုးစုံများအပြင် ကြက်သွန်နီများကိုလည်း စိုက်ပျိုးကြပါတယ်၊ မြိတ်စားကြက်သွန်ကို စိုက်ပျိုးမယ် ဆိုရင်  မိမိတို့ယခင်နှစ်က မိုးနှောင်းမှာစိုက်ပျိုးထားတဲ့ ကြက်သွန်နီများထဲမှ မျိုးအဖြစ်ချန်ထားတဲ့ ကြက်သွန်နီ အသေးစား(ဇော်မွှား)များကို  ထယ်ရေးညက်အောင် ထွန်ယက်ပြီး မြေညီညာမှုရှိတဲ့ နေရာများမှာ စိုက်ပျိုးပါတယ်၊ အများစုကတော့ တော်သလင်းလမှာ စတင်စိုက်ပျိုးပါတယ်၊ ကျွန်မတို့က တော့   သီတင်းကျွတ်လထဲမှာ စိုက်ပျိုးတာပါ၊ မိမိရဲ့အလှူလေးရှိတော့ ကိုယ်ရဲ့အလှူအတွက်လည်းသုံး၊ ကျန်တဲ့ မြိတ်စားကြက်သွန်များကိုတော့ မြို့မစျေးကို တင်ပို့ရောင်းချမှာဖြစ်ပါတယ်၊  မြိတ်စားကြက်သွန် တစ်ပိဿာ အရင်နှစ်က (၁၂၀၀)ရောင်းချပြီး ယခုနှစ်တွင် (၃၀၀၀)စျေးရှိကြောင်း၊ မိမိယာထဲမှ ထွက်ရှိ လာမယ့် ကြက်သွန်နီများကိုလည်း စျေးကောင်းရရန်မျှော်လင့်ကြောင်း” အင်းကုန်းကျေးရွာ ကြက်သွန်စိုက်ပျိုးသူ တစ်ဦးထံက သိရသည်။

မူမူစန်း(ပြန်/ဆက်)