ညောင်ဦး အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၂၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့နယ် မြေ(၂)ဘုန်းစဉ်ဈေးပေါက်ဝနှင့် နယ်မြေ(၂) ဆုတောင်းပြည့်ဘုရားအနီးတို့တွင် Mobile ကား(၃)စီးဖြင့် စားအုန်းဆီပိဿာချိန် ၆၆၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ