နေပြည်တော် အောက်တိုဘာ ၂၀
အမျိုးသမီးများကို တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့ သူအား လူကုန်ကူးမှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ အမှတ် (၂)ရပ်ကွက်နေ လှမြိုင်(ခ) ဗေလုဝနှင့် ၎င်းဇနီး ဒေါ်မိညက်(ခ) ဒေါ်ဝင်းတင်တို့က တစ်မြို့တည်းနေ မ ---၊ ၁၅/၂၀၁၉ နှစ်၊ မ ---၊ ၁၃/၂၀၁၉ နှစ်၊ မ ---၊ ၂၄/၂၀၁၉ နှစ်တို့အားမူဆယ်မြို့ ကားကြီးဝင်းအနီးရှိ အလုပ်ရုံတစ်ခုတွင် အဝတ် ခေါက်လုပ်ငန်း၌ တစ်လလျှင် (၂) သိန်းကျပ်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားထံ ပို့ဆောင် ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ကျောင်းကုန်းမြို့မရဲစခန်း(ပ) ၄၅၈/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်၍ ပုသိမ်ခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် တရားခံ ဒေါ်မိညက်(ခ) ဒေါ်ဝင်းတင်အား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့ပြီး တရားခံလှမြိုင်(ခ) ဗေလုဝအား ကျင့် ၂၅၈(၁)အရ အမှုမှ တရား သေလွှတ်ခဲ့ မှုအပေါ် အယူခံတက် ရောက်ခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော်မှ ရာဇဝတ်အယူခံ အမှုအမှတ် ၆၀/၂၀၂၂ ဖြင့် လက်ခံစစ်ဆေး ခဲ့ပြီး အောက်တိုဘာ ၁၄ ရက်တွင် တရားခံလှမြိုင်(ခ) ဗေလုဝအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)