နေပြည်တော် အောက်တိုဘာ ၂၀
ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ် ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်းစိစစ် ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်ရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ် စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ စက်တင် ဘာလကုန်အထိ တင်ပြရာ-
(က) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာန၏ စိစစ်ချက်အရ
(၁) သေဆုံး၊ ပြောင်းထွက်၊ (၂)ကြိမ်ထပ်၊ (၃)ကြိမ်ထပ်တို့မှ လျော့သည့်ဦးရေ ( ၈၂၆ )ဦး
(၂) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦစီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့် သွင်းသည့် ထပ်တိုးလူဦးရေ ( ၂၄၃၁ )ဦး
(ခ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ
(၁) မြေပြင်ထပ်တိုး
ပုံစံ(၆၆/၆)ရှိသူ ( ၅၉၄၄ )ဦး
(၂) မြေပြင်တွင် လျော့သည့်ဦးရေ
ပုံစံ(၆၆/၆)ရှိသူ ( ၈၀၀၂ )ဦး
မဲရုံတည်နေရာနှင့် မဲရုံလျာထားမှု(၁၁၁၅)ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက် တို့ကို တင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးကို တက်ရောက်လာသော တာဝန်ရှိသူများက အကြံပြုဆွေးနွေး တင်ပြကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦး တို့က ဖြည့်စွက်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
( သတင်းစဉ် )