ပင်းတယ အောက်တိုဘာ ၂၁
ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အမှာစကား ပြောကြားပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား ဝန်ခံကတိ လက်မှတ်ရေးထိုးစေပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပင်းတယ (ပြန်/ဆက်)