ရန်ကုန် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀၊ စားဆီတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀၊ ကြက်ဥ တစ်လုံးလျှင် ၁၇၅ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး အဆိုပါရောင်းချမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ဦးစီးဌာန၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)