နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ယနေ့နံနက် ၉ နာရီ ၅၂ မိနစ်ခန့်က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ်အနီးကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၄ အဆင့်ရှိ အင်အားအသင့်အတင့် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၇.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၉) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။
MDN