မော်လမြိုင် အောက်တိုဘာ ၂၁

မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ်နှင့်၀န်ကြီးများသည် မော်လမြိုင်ဘူတာကြီး ပရဝဏ် အတွင်း/ အပြင် သန့်ရှင်းသာယာလှပစေရေး  ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မော်လမြိုင်-ရန်ကုန် လေအိတ်ရထားစီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆောင်ရွက်သင့်သည်များ မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ မော်လမြိုင် အဝေးပြေးကားဝင်း တိုးချဲ့မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)