နေပြည်တော်၊ အောက်တိုဘာ ၂၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦးဆောင်သော ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့က ထားဝယ်မြို့၊ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်၌ တရားမဝင် ပိတောက်ခွဲသား (၈.၅၀၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၉၅၅,၁၈၀)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် Nissan Diesel အမျိုးအစား (၁၂)ဘီး မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၉၅၅,၁၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၀,၀၀၀)နှင့် ကာဘိုး-ထန်းကုန်း-ကန့်ဘလူသွားကားလမ်းမပေါ်တွင် Pajero အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၁၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်‌ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ သီလဝါအထူးစီးပွားရေးဇုန်၊ One Stop Service Center (OSSC)၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်မပါရှိသော ဆက်သွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၀၀,၀၀၀)ကိုလည်းကောင်း၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်‌ဆေးရေး အဖွဲ့က မြဝတီ - ဘားအံ - ရန်ကုန်သွား ကားလမ်း၊ ဘုရားကြီးမြို့နယ် PUMA ဆီဆိုင်အနီးတွင်  မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော High Density Polyethylene ( ၆၆၂၅) ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁,၁၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  နောက်တွဲယာဉ်ပါ Hino Prifia Tractor Head အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၉၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုလာ ၂၁ ရက်တွင်  ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတို က်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း တရားမဝင် တောင်သရက်ခွဲသား (၆.၈၂၁၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၄,၉၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များအတွင်း တရားမဝင် ကျွန်းသစ် (၅၂.၄၅၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၃၅၅,၅၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  အောက်တိုဘာ  ၁၉ ရက်၊ ၂၀  ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၅၇၅,၆၇၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)