ရေစကြို   အောက်တိုဘာ  ၂၂

 

ပခုက္ကူခရိုင်၊ ရေစကြိုမြို့ အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်တို့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံ စားသောက်ကုန်များကို ဒေသခံပြည်သူများအား အောက်တိုဘာ ၂၁  ရက်က သက်သာသောနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချရာတွင် တာဝန်ရှိသူများက  အခြေခံ စားသောက်ကုန်များဖြစ်သော ဆန် တစ်ပြည် (၁၅၀၀)၊ ဆီတစ်ပိဿာ (၅၀၀၀)၊ ကြက်ဥတစ်လုံး (၁၉၀)ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)