နေပြည်တော် အောက်တိုဘာ ၂၂

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေမြိုင်ကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရန်အောင်မြင်တိုက် သစ်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ မဟာသုဗောဓါရုံကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ထူပါဇေယျုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋကစိန်ရွှေဖူးကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်ရာဇာ ပရိယတ္တိစာသင်တိုက်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ကျွန်းကလေးပရိယတ္တိစာသင် တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်ရှိ သစ္စာရောင်ခြည်ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြောက်ဥယျာဉ်တိုက်သစ် ကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ သာသနာပိုင်မဟာ အောင်မြေကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်ရှိ မဟာသုမနရာမကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော် သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရ သည်။

သတင်းစဉ်