နေပြည်တော် အောက်တိုဘာ ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အတွင်း ဆွမ်းကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးနှင့် အခြားဘာသာရေးကိစ္စများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများအား ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် ဝန်ထမ်းများသည် မိုင်းပန်မြို့နယ်၊ ကျောင်းထမ့် ၃ မိုင် ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေ များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်း များသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်