နေပြည်တော် ၁၀ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်ကြသော ထုတ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့ နံနက် (၈) နာရီမှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၁/၂/၃)၌ အသီးသီး ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ လွန်ဆွဲ(အမျိုးသား) ပြိုင်ပွဲများအဖြစ် ပြည်သူ့လွှတ်တော်အသင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အသင်းမှ လာရောက်ယှဉ်ပြိုင်ခြင်းမရှိသဖြင့် နေပြည်တော်စည်ပင်အသင်းမှ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ ပြည်သူ့လွှတ်တော်အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
ဆက်လက်၍ လွန်ဆွဲ(အမျိုးသမီး) ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ ပညာရေးဝန်ကြီးဌာန အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ထုတ်စည်းတိုး(အမျိုးသမီး) ပြိုင်ပွဲများအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ အနိုင်ရရှိသွားပြီး ပြိုင်ပွဲများကို ညနေ(၄)နာရီတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ သိရှိရသည်။
MDN