နေပြည်တော် အောက်တိုဘာ   ၂၂ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဉီးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ် အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာန၊ ကလောပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။ 


ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲ ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသူရအောင်ဘိုနှင့် တာဝန်ရှိသူတို့က ဓာတ်အားခွဲရုံ ဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ်ပို့လွှတ် ဖြန့်ဖြူး ပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် ပြည်သူလူထုအသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင်ကောင်းမွန်စေရေး ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပျောက်ဆုံးမှု၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအသိ၊ လုံခြုံရေသတိအမြဲရှိစေရေး အ‌လေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ဝန်အား ထိန်းညှိဖြန့်ဖြူးထားမှုကို လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်