မိုင်းရယ် အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၏ လမ်းညွှန်မှုဖြင့် နတလ နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေရရှိရန်ခက်ခဲ့သည့် ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေးအတွက် အကောင်အထည် ဖော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌဦးစီးမင်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်တို့က ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ဆိုလာစနစ်ဖြင့် ရေရရှိရေးကို မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု၊ ဟိုယကျေးရွာ၊ တောင်သူ(၃)ဦး ပိုင် ကွင်းအမှတ်(၁၀)၊ ဦးပိုင်အမှတ်(၇-၈) နေကြာစံပြကွက် စိုက်ပျိုးမည့်မြေနေရာ ၁၀ ဧက၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိုလာနှင့်ရေတင်စနစ်များ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းသီးနှံလယ်သီးထပ် နေကြာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ပထမအပတ်တွင် ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မိုင်းရယ် (ပြန်/ဆက်)