လန်ဒန်   အောက်တိုဘာ   ၂၅

 

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ဝန်ကြီးချုပ် လစ်ထရက်ဇ်၏ နေရာကို ဆက်ခံမည့် ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ဗြိတိန်ရှိ ဘီဘီစီနှင့် အခြားသော မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ဝန်ကြီးချုပ် လစ်ထရက်ဇ်သည် အောက်တိုဘာ ၂၀ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာထားသူဖြစ်သည်။ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရစ်ရှီဆူးနတ်ခ်နှင့် အောက်လွှတ်တော် ခေါင်းဆောင် ပင်နီ မော်ဒန့်တို့နှစ်ဦးမှာ လက်ရှိအချိန်အထိ ရွေးကောက်ခံရန် အတည်ပြု ကိုယ်စားလှယ်လောင်းများဖြစ်ကြောင်း သိရသည်။

 

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဖြစ်လာရန် ကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်လွှတ်တော် ကွန်ဆာဗေးတစ် အဖွဲ့ဝင်အနည်းဆုံး ၁၀၀ ၏ ထောက်ခံမှုရရှိရန် လိုအပ်ကြောင်း သိရသည်။     

 

အင်န်အိတ်ချ်ကေ