ကဘူးလ် အောက်တိုဘာ ၂၅

 

တာလီဘန် ယာယီပြည်ထဲရေး ဝန်ကြီး ဆီရာဂျူဒင်ဟက်ဂါနီသည် အာဖဂန်နစ္စတန်ဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုကာဒါတာကာရှီနှင့် တွေ့ဆုံခဲ့ကြောင်း တာလီဘန်များက ပြောသည်။

 

ဂျပန်နိုင်ငံသည် လွန်ခဲ့သောလက ကဘူးလ်တွင် သံရုံးပြန်ဖွင့်ပြီးနောက် ယခုလို တွေ့ဆုံမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

 

ဂျပန်သံရုံး ပြန်လည်ဖွင့်လှစ်ခဲ့သည့်အပေါ် ဟက်ဂါနီက ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး  တိုးမြှင့်ရန် ထိရောက်သော ခြေလှမ်းတစ်ရပ်အဖြစ် တိုက်တွန်းလိုက်ပြီး  ဘေးကင်းလုံခြုံရေးအတွက် ကတိပေးကြောင်း တာလီဘန်အဖွဲ့က ပြောကြားလိုက်သည်။

 

နှစ်ဖက်အဖွဲ့များသည် မိန်းကလေးများ၏  ပညာရေးနှင့်  မီဒီယာလွတ်လပ်ခွင့် ကိစ္စရပ်များကို  ပွင့်ပွင့်လင်းလင်း  အမြင်ချင်း ဖလှယ်ခဲ့ကြောင်း သံရုံးကသတင်း ထုတ်ပြန်လိုက်သည်။

 

လွန်ခဲ့သောနှစ် တာလီဘန်တို့  နိုင်ငံတော်အာဏာရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံသည်  ၎င်း၏ သံရုံးကို ယာယီပိတ်ခဲ့သည်။

 

နိုင်ငံတကာ အသိုင်းအဝိုင်း က တာလီဘန်နှင့်ပတ်သက်ပြီး မည်သို့ ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ စောင့်ကြည့်နေချိန်တွင် ယခုလို တွေ့ဆုံမှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အင်န်အိတ်ချ်ကေ