ညောင်ဦး အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် BA-4 နှင့် BA5 ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်နိုင်စေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ညောင်ဦးမြို့ လူစည်ကားရာ နေရာများ ဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေး၊ ဘုရားနီလမ်းဆုံ၊ လေယာဉ်ကွင်းလမ်းဆုံနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မုဒ်ဦးနေရာများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ(ပြန်/ဆက်)