ရန်ကုန် အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ရေးစီးရေလာကောင်းမွန်ရေးကို အောက်တိုဘာ ၂၄ ရက်က ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်း၊ ညောင်ကန်အေး သာသနာ့ရိပ်သာ ဘုန်းတော် ကြီးကျောင်းအနီးရှိ ရိုးကြီးချောင်းတွင် ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာ ယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာ၊ ပန်းဥယျာဉ်ဌာနများမှ တာဝန်ရှိသူများက ရေမြောင်းအတွင်း အမှိုက်များရှင်းခြင်း၊လမ်းဘေးဝဲ/ယာမှ ချုံနွယ်များနှင့် မြေပိုများရှင်းခြင်း၊ အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ သန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် အတွက် အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်း စသည့် ချောင်းများနှင့်မြောင်းများကို ရေစီးရေလာ ကောင်းမွန်အောင် ရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)