သာယာဝတီမြို့၌ ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိ၍ ငရုတ်စိုက်တောင်သူများ အဆင်ပြေ

သာယာဝတီ  အောက်တိုဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ဈေးကွက်ဝင် ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

 

သာယာဝတီမြို့တွင် မိုးမျှော်ငရုတ်သီးကို အဓိကထား၍ ရာသီမရွေးစိုက်ပျိုးလေ့ရှိကြပြီး ငရုတ်ပွမျိုးနှင့် အတောင့်ရှည်မျိုးကို ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးကြသည်။ ငရုတ်သီးကို စီးပွားဖြစ် စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်ပေါ်မူတည်ကာ လယ်ငရုတ်၊ ကိုင်းငရုတ်ဟူ၍ ခွဲခြားစိုက်ပျိုးကြကြောင်း သိရသည်။

 

“မနှစ်ကဆို ငရုတ်သီးနို့ဆီဘူး တစ်ဘူးကို ကျပ် ၁၈၀ မှ ၂၀၀ ကျပ်အထိ ဈေးရရှိတယ်၊ ဒီနှစ်ကျတော့ နို့ဆီဘူးတစ်ဘူးကို ကျပ် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးကောင်းရရှိတယ်”ဟု စိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။

 

mdn

 

ငရုတ်ပင်စိုက်ပျိုးမည့်မြေအား ပေါင်းမြက်ကင်းစင် ကြေညက်သည် အထိပြုပြင်ရပြီး နွားချေး၊ မြေဆွေး စသည့် သဘာဝဓာတ်မြေသြဇာနှင့် ယူးရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေဩဇာများကို အချိုးကျ သမအောင်ရောမွှေ၍ မြေခံအဖြစ် ထည့်သွင်းစိုက်ပျိုးရကြောင်း၊ ဒေသထွက် ငရုတ်သီးများကို ရန်ကုန်မြို့ကို အဓိကတင်ပို့ရောင်းချပြီး သာယာဝတီမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ရှိကျေးရွာများတွင်လည်း ရောင်းချရကြောင်း၊ ယခုနှစ်အတွင်း ငရုတ်သီး ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက် တောင်သူများ မိသားစုဝင်ငွေတိုးပွား အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

သန့်ဇော် (ပြန်/ဆက်)