နေပြည်တော် အောက်တိုဘာ ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲတွင် ကွမ်းလုံမြို့နယ်၊ ဟိုက်ကမ်းပါးကျေးရွာရှိ လီခိုင်ဖူး ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း။
အလားတူ အောက်တိုဘာ ၂၃ ရက် နံနက်တွင် လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အိုက်ယန် ငှားရမ်းနေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)