ဒေးဒရဲ ၁၀ ဖေဖော်ဝါရီ
ဒေးဒရဲမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်၍ ဖျာပုံခရိုင် ကုသရေးဦးစီးဌာနက ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်လှ ခေါင်းဆောင်သော အထူးကု ဆရာဝန်ကြီးများအဖွဲ့က ကွင်းဆင်းစမ်းသပ် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးအထူးကုဆရာဝန်ကြီး၊ ဓာတ်မှန်အထူးကုဆရာဝန်ကြီး၊ သားဖွား/မီးယပ် အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ ဆေးပညာအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူ (၁၃၁)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုများအဖြစ် စမ်းသပ်ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN