အောက်တိုဘာ ၂၆
အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒင်သည် ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံမှု ခံယူခဲ့သည်ဟု သိရသည်။
ထိုဗိုင်းရပ်စ်မျိုးကွဲများသည် အမေရိကန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ထပ်မံကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဘိုင်ဒင်ကပြောကြားသည်။
အမေရိကန်နိုင်ငံတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ သန်း ၂၀ ကျော်ရှိကြောင်း အိမ်ဖြူတော်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၉၇ သန်းရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် လူတစ်သန်းကျော်သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် နေ့စဉ် လူ ၄၀၀ နီးပါးသေဆုံးနေဆဲဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ယခုနှစ်ဆောင်းရာသီတွင် ထိုရောဂါကူးစက်မှုအရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း ဘိုင်ဒင်က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို