နေပြည်တော် အောက်တိုဘာ ၂၆
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို (၄)လတစ်ကြိမ် ပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၀၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ၎င်း ဥပဒေအရ မိမိတို့၏ လုပ်ငန်းအဖွဲ့ကို လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် မြန်မာနိုင်ငံ ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ရဲ့ (၂၀၂၂)ခုနှစ်၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိမိတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို အထောက်အထား၊ အချက်အလက်၊ စာရင်းဇယား၊ မှတ်တမ်းဓါတ်ပုံ များနှင့်တကွ ပေါ်လွင်အောင်ရေးသားဖော်ပြရန်၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေတွင်ရှိ သည့် ထိခိုက်လွယ် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း စိစစ်ဖော်ထုတ်ကူညီပေးနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်မိုးက ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများက မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကာ အစည်း အဝေးဆုံးဖြတ်ချက် (၁၅)ချက် ချမှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)