ဝါရှင်တန် အောက်တိုဘာ ၂၇

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၂၅ ရက် နှောင်းပိုင်းတွင် ထပ်ဆောင်းကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့သည်ဟု သိရသည်။ ဗိုင်းရပ်စ်မှာအမြဲလိုလို ပြောင်းလဲနေကြောင်း၊ မျိုးကွဲအသစ်များမှာ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်နေကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။

 

ယခင်ထိုးထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ လုံလောက်သည့် ကာကွယ်မှုမျိုး အပြည့်အဝ ပေးစွမ်းနိုင်ခြင်း မရှိတော့ဟု ၎င်းကဆက်ပြောသည်။ ယခု အချိန်အထိအမေရိကန်တွင် ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပြီးသူ ဦးရေမှာ သန်း ၂၀ ကျော်ရှိလာပြီဟု အိမ်ဖြူတော်က ပြောသည်။

 

ထပ်ဆောင်း ကာကွယ်ဆေးကို လာရောက်ထိုးနှံသူဦးရေမှာ လုံလောက်မှုမရှိသေးဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ ရာသီဥတုမှာ တဖြည်းဖြည်းအေးလာပြီး လူများမှာလည်း အဆောက်အအုံအတွင်း၌သာ အချိန်ဖြုန်းလာသည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှုမှာ ပိုမိုလွယ်ကူလာသည်ဟု ၎င်းကဆက်ပြောသည်။ အမေရိကန်တွင်ကိုဗစ်-၁၉ ကူးစက် ခံရသူ ၉၇ သန်းရှိပြီး သေဆုံးသူ ဦးရေမှာလည်း တစ်သန်းကျော်ရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ် မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

ဆင်ဟွာ